တံတားဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုဖြင့် တောင်ပြုံးကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

 
 

တံတားဦး၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂ ရက်

     မန္တလေးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသေဆုံးမှု လျော့နည်းစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဗဟိုရောဂါနှိမ်နင်းရေးဌာနခွဲတို့၏ လမ်းညွှန်မှုကို ခံယူလျှက် တိုင်းဒေသကြီး ရပကန(ငှက်ဖျား)ဌာနမှ လိုအပ်သောကာကွယ်ရေးပစ္စည်းများ ရေးဆွဲပံ့ပိုးပြီး ညောင်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာမြင့်ဦး ဦးဆောင်မှုဖြင့် တောင်ပြုံးကျေးရွာတွင် ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်မှုကို မြို့နယ်အခြေခံကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာနှီးနွှယ်ဌာနများမှ ဝန်ထမ်းများ၊ ကြက်ခြေနီဝန်ထမ်းများ၊ ရပ်ကွက်နေ စေတနာ့ဝန်ထမ်းများနှင့် နယ်မြေခံအခြေခံ ကျန်းမာရေးကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

 

     ကွင်းဆင်းဆောင်ရွက်စဉ် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ဟန့်တားနိုင်ရန်အတွက် လိုအပ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ကာကွယ်ရေးလုပ်ငန်းများအပါအဝင် ပိုးလောက်လန်းရှာဖွေစစ်ဆေးခြင်း၊ ရေလှောင်ကန်များအတွင်း ပိုးလောက်လန်းသေဆေးအဘိတ် (Abate) ခတ်ပေးခြင်း၊ ရေလှောင်ကန်များအတွင်း လောက်လန်းစားငါးထည့်ခြင်း၊ ခြင်ပေါက်ပွားခိုအောင်းနိုင်သော နေရာများအား ရှင်းလင်းခြင်း (Cleaning Campaign) ၊ အသံချဲ့စက်၊ လက်ကမ်းစာစောင်၊ ဗီနိုင်း၊ ပိုစတာများအသုံးပြု၍ ကျန်းမာရေးအသိပညာပေးခြင်းနှင့် Fever Surveillance ဆောင်ရွက်ခြင်း အစရှိသော ကာကွယ်ရေးလုပ်ငန်းများ ကို ပူးပေါင်းကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

More Tags