ပဲခူးမြို့၊ ၂၀၂၀ ပြည့်နှစ် ၊ ဇူလိုင်လ (၁) ရက်
ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ကျန်းမာရေးကြီးကြပ်မှုကော်မတီ အစည်းအဝေး (၄/၂၀၂၀)ကို ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၁-၇-၂၀၂၀) ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ကိစ္စရပ်(၁)ခု ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကိစ္စရပ် (၆)ခု ၊ ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီးမှ ကိစ္စရပ်(၈)ခု ၊ ပဲခူးမြို့သားဖွားသင်တန်း ကျောင်းမှ ကိစ္စရပ်(၁)ခု ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကိစ္စရပ်(၁)ခု ၊ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ ကိစ္စရပ်(၁)ခုတို့ကို ဆွေးနွေးတင်ပြခဲ့ရာ လူမှုရေးဝန်ကြီး ၊ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းနှင့် ကျန်းမာရေးကြီးကြပ်မှု ကော်မတီဝင်များမှ ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူးများ၊ ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီး၊ တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးရုံး၊ တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တိုင်းဒေသကြီးကျန်းမာရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြပါသည်။