ဗိုလ်တထောင်မြို့နယ်တွင် အခြေခံပညာ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရန် အစည်းအဝေးကျင်းပ

ရန်ကုန်မြို့၊ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၁)ရက်

     ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အခြေခံပညာကျောင်းများမှ မိဘဆရာ အသင်းဝင်များသည် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နိုင်ရန်အတွက် ကြိုတင်ညှိနှိုင်းသည့် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါသည်။

 

More Tags