ဗိုလ်တထောင်မြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ လှူဒါန်းပွဲကျင်းပ

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၃၀ ရက်

     ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၃၀) ရက်၊ နံနက် (၁၀) နာရီအချိန်ခန့်တွင် ချီကျိမြန်မာဖောင်ဒေးရှင်းမှ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနနှင့် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတို့အတွက် COVID-19 ရောဂါကာကွယ်ရေး ပစ္စည်းများကိုလှူဒါန်းခဲ့ရာ ဗိုလ်တထောင်မြို့နယ် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှတဆင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇင်မင်းမင်းလတ်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဆေးရုံကြီး (ဂန္ဒီ) ဆေးရုံအုပ်ကြီး ဒေါက်တာခင်စိုးမိုးဝင်း၊ ဗိုလ်တထောင်မြို့နယ်စခန်းမှူး ဦးထွန်းဝေတို့မှ လက်ခံခဲ့ပါသည်။

 
 

More Tags