စစ်တွေမြို့တွင် Training For Health Center Supervisors (HA and LHV) သင်တန်းကျင်းပပြုလုပ်

စစ်တွေ၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၂၈ ရက်

     ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ(၃) ၌ (၂၀၂၀)ခုနှစ်၊ ဇွန်လ(၂၈)ရက်၊ နံနက်(၉)နာရီအချိန်တွင် Training For Health Center Supervisors (HA and LHV) သင်တန်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ (၁၇) မြို့နယ်မှ ကျန်းမာရေးမှူးများ၊ အမျိုးသမီး ကျန်းမာရေးဆရာမများ တက်ရောက်ကြပြီး သင်တန်းကို (၂၈-၆-၂၀၂၀) မှ (၃၀-၆-၂၀၂၀) ထိ ပြုလုပ် ကျင်းပသွားမည်ဖြစ်ရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ ဆရာ/ဆရာမများက သင်ကြား ပို့ချသွားမည်ဖြစ်ပါသည်။

More Tags