ဝက်လက်မြို့နယ်အတွင်း သတ္တမတန်းသင်ရိုးသစ် မြို့နယ်အဆင့်သင်တန်းတွင် (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျောင်းသား၊ ဆရာ၊ မိဘ လိုက်နာရမည့်အချက်များ သင်တန်းပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းဆောင်ရွက်

ဝက်လက်၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၂၈ ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ဝက်လက်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် ပညာရေးဌာနတို့ ပူးပေါင်း၍ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၂၈) ရက်နေ့တွင် သတ္တမတန်း (Grade-7) သင်ရိုးသစ် မြို့နယ်အဆင့်သင်တန်း (face to face training)ကို ကျင်းပခဲ့ပါသည်။ အဆိုပါ သင်တန်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာသန့်ဇင်လတ် ဦးဆောင်၍ (COVID-19) ရောဂါ ကာကွယ်တားဆီးရေးနှင့် ပတ်သတ်သည့် ကျောင်းသား၊ ကျောင်းသူများ mask တပ်ဆင်ရန်၊ စနစ်တကျလက်ဆေးရန် လိုက်နာရမည့် အချက်များ၊ ကျောင်းတက် ကျောင်းဆင်းချိန်နှင့် စာသင်ချိန်တို့တွင် (၆)ပေအကွာ social distancing ကိုလိုက်နာရန်၊ ကျောင်းဖွင့်ချိန် ကျောင်းသား၊ ဆရာ၊ မိဘအုပ်ထိန်းသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များကို သင်ကြားပေးပြီး၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် Larva control & Dry Day အကြောင်းနှင့် ကျောင်းမုန့်စျေးတန်းများ ကျန်းမာရေးနှင့် ညီညွတ်စေရေးစသည့် အကြောင်းများကို ပညာပေး ဟောပြောခဲ့ပါသည်။

More Tags