ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများကို မကူးစက်တတ်သောရောဂါများနှင့် အသည်းရောင်အသားဝါပိုး ရှိ/မရှိ စစ်ဆေးပေး

မြစ်ကြီးနား၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၃၀ ရက်

     ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်း (၁၀၅) ဦးတို့ကို အရပ်နှင့် ကိုယ်အလေးအချိန်တိုင်းတာပေးပြီး BMI တွက်ချက်ပေးခြင်း၊ ဆီးချို၊ သွေးတိုးရောဂါနှင့် အဝလွန်ရောဂါ စစ်ဆေးပေးခြင်း၊ ခုခံကျ/ကာလသားရောဂါ၊ အသည်းရောင်အသားဝါရောဂါဘီပိုးနှင့် စီပိုးစစ်ဆေးပေးခြင်းများလုပ်ဆောင်ပေးခြင်းကို ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာလှိုင်လှိုင်ဌေး (ပြည်သူ့ကျန်းမာ)က ဦးဆောင်၍ လက်ထောက်ညွှန်ကြားရေးမှူး (ပြည်နယ်ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးဌာန) ဒေါက်တာမို့မို့ထွန်း၊ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာဂျိမ်းဆိုင်ပေါင်း (အာဟာရ)၊ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာလာပေါ် (ကျန်းမာရေးအသိပညာမြှင့်တင်ရေး)၊ ခရိုင်ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်ဂျုန်းနော် (အာဟာရ)၊ ပြည်သူ့ကျန်းမာရေးဆရာမကြီးဒေါ်သီသီလွင် (အာဟာရ)၊ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာဝေါ်မိသီ (မိခင်ကျန်းမာ)၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခမ်းနော (မိခင်ကျန်းမာ) တို့မှ ပါဝင်ဆောင်ရွက်ပေးခဲ့ပါသည်။

 

     ထိုသို့ဆောင်ရွက်ပေးခဲ့ရာ အဝလွန်ရောဂါ (၃၉)ဦး၊ ဆီးချိုရောဂါ (၃)ဦး၊ နှင့် သွေးတိုးရောဂါ (၂) ဦး အသီးသီး ရှာဖွေဖော်ထုတ်ပေးနိုင်ခဲ့၍ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့ပေးခဲ့ရာ သမားတော်ကြီး မှ ဆက်လက်စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သောကုသမှုများ စောင့်ရှောက်ပေးလျက်ရှိပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သောအာဟာရများကို စားသုံးရန်နှင့်ဆောင်ရန်/ရှောင်ရန်များကိုလည်း အသိ ပညာပေး ပြောကြားခဲ့ပါသည်။

 

More Tags