ရမည်းသင်းမြို့နယ်တွင် အလယ်တန်းနည်းပြ ဆရာ/ဆရာမများအား COVID-19 ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ဆင့်ပွားသင်တန်းပြုလုပ်

ရမည်းသင်းမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၂၈) ရက်

     မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် အလယ်တန်း နည်းပြဆရာ/ဆရာမများအား COVID-19 ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ (၂၈.၆.၂၀၂၀) ရက်နေ့တွင် ဆင့်ပွားသင်တန်း ပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။ ရမည်းသင်းမြို့၊ သီလဝခန်းမတွင် ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်မော်၏ ဦးဆောင်မှုဖြင့် ကျောင်းဖွင့်ချိန်တွင် ဆရာမများမှ ကျောင်းသား ကျောင်းသူများအား COVID-19 ကာကွယ်ရေးနှင့်ပတ်သက်၍ သင်ကြား ပေးရမည့် အချက်များကိုလည်းကောင်း၊ ကျောင်းသားမိဘများ လိုက်နာရမည့် အချက်များအား လည်းကောင်း၊ စနစ်တကျ လက်ဆေးနည်း၊ နှာခေါင်းစည်းစနစ်တကျ တပ်ဆင်နည်းများကို ခရိုင်ကျောင်းကျန်းမာရေး ဆရာဝန် ဒေါက်တာသီရိမွန်၊ ကျန်းမာရေးမှူး ဦးသိန်းတန်နှင့် ဦးဇော်လင်းစသည့် အခြေခံကျန်းမာရေး ပညာရှင်များမှ ဆင့်ပွားသင်တန်း‌ပေးခဲ့ပါသည်။

 

 

More Tags