လင်းခေးမြို့တွင် မြို့နယ်အဆင့် Grade 7 သင်ရိုးသစ် သင်တန်းဆင်းပွဲ၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောပွဲကျင်းပ

လင်းခေးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက်

     မြို့နယ်အဆင့် Grade 7 သင်ရိုးသစ် Face to Face သင်တန်းဆင်းပွဲ၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောပွဲကို ဇွန်လ ၂၈ ရက်နေ့၊ နံနက် ၁၀ နာရီတွင် လင်းခေးမြို့ အ.ထ.က အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လင်းခေးမြို့နယ် ပညာရေးရုံးမှတာဝန်ရှိသူများနှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် Grade 7 သင်ရိုးသစ် မြို့နယ်အဆင့် Face to Face သင်တန်း တက်ရောက်သူဆရာ/ဆရာမများ စုစုပေါင်း ( ၁၃၁ ) ဦး တက်ရောက်ခဲ့ပါသည်။

 

 

     အဆိုပါသင်တန်းတွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သန်းက COVID-19 ရောဂါ လက်ရှိကမ္ဘာ့အခြေအနေနှင့် မြန်မာနိုင်ငံ အခြေအနေ ကွာခြားချက်ကို ရှင်းပြပြီး၊ ရောဂါသဘောသဘာဝ ကူးစက်ပုံ၊ ကာကွယ်ပုံနည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ရှင်းလင်းဆွေးနွေးပါသည်။ ဆက်လက်ပြီး မြို့နယ်သင်ကြားရေးအဖွဲ့မှ သင်တန်းဆရာများက စာသင်ကျောင်းများ မဖွင့်မီနှင့်ဖွင့်လှစ်သည့် အချိန်တွင် လိုက်နာကျင့်ကြံနေထိုင်ပြုမူရမည့် New Normal Life အကြောင်း ဟောပြောပြီး Surgical Mask နှင့် N95 Mask စနစ်တကျ တပ်ခြင်းချွတ်ခြင်းများကို ဆရာများ၊ဆရာမများနှင့်လက်တွေ့လေ့ကျင့်ခဲ့ကြပါသည်။ ထို့နောက် ပိုးသတ်ဆေးအကြောင်းဗဟုသုတရရှိစေရန် အသုံးပြုရမည့်နည်းလမ်းများ ရှင်းပြပြီး အပူချိန် မှန်ကန်စွာ စနစ်ကျစွာ အန္တရာယ်ကင်းစွာ တိုင်းတာနည်းများကို စာတွေ့လက်တွေ့ သရုပ်ပြ လေ့ကျင့်ခဲ့ကြပါသည်။

More Tags