မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် HIV Counselling and Testing Training ကျင်းပ

မကွေးမြို့၊ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၇) ရက်

     မကွေးတိုင်းဒေသကြီး ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၃ ရက်တာကျင်းပပြုလုပ်မည့် HIV Counselling and Testing Training သင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ် ဇွန်လ၂၇ ရက် မနက် ၉း၃၀ ခန့်အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာ မြန်မာနိုင်ငံအနေနဲ့ ၂၀၃၀ ခုနှစ်မှာ HIV ပိုးကင်းစင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာစေရန် ဦးတည်ချက်ထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ထိုဦးတည်ချက်ပန်းတိုင်ရောက်အောင် ဆရာတို့ဆရာမတို့အနေဖြင့် ကြိုးစားဆောင်ရွက် ကြစေလိုကြောင်းမှာကြားခဲ့ပါသည်။ ထို့နောက် မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီနှင့် ဆစ်ဖလစ် ရောဂါပိုးကူးစက်မူ ပပျောက်ရေးအတွက် ၂၀၂၅ ခုနှစ်မှာ ရရှိနိုင်ရန် ဦးတည်ချက်ထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးမှာကြားခဲ့ပါသည်။ ဆက်လက်ပြီး ယခု သင်တန်းမှာ HIV ကာကွယ်ရေး/ ထိန်းချုပ်ရေး/ ကုသရေးဆိုသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တိုင်းတွင် အရေးကြီးသည့် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းကို ကြိုးစား သင်ယူကြရင်း counsellor ကောင်းများဖြစ်အောင် ဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကိုအောင်မြင်စွာပိတ်သိမ်းနိုင်ခဲ့ပါသည်။ အခမ်းအနားကို အထူးကုဆရာ၀န်များ၊ တိုက်နယ်ဆရာဝန်များ၊ မြို့နယ်အသီးသီးမှ မြို့နယ်သူနာပြုဆရာမကြီးများ၊ ကျန်းမာရေးမှူးများ၊ အထက်တန်းသူနာပြုများ၊ အမျိုးသမီးကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများ တက်ရောက်ခဲ့ကြပါသည်။

More Tags