ထားဝယ်မြို့နယ်နှင့် ‌ရေဖြူမြို့နယ်များတွင် Multiplier training on Reproductive Health Commodity Logistic System သင်တန်း ပို့ချ

ထားဝယ်မြို့၊ ၂၀၂၀၂ ခုနှစ်၊ ဇွန်လ ၂၄ ရက်

     တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်နှင့် ‌ရေဖြူမြို့နယ်များတွင် Multiplier training on Reproductive Health Commodity Logistic System သင်တန်းများကို တနင်္သာရီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ထားဝယ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရေဖြူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Zenith Technical Resource Initiative ၂၀၂၀ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။ မျိုးဆက်ပွားကျန်းမာရေးဆေးဝါးပစ္စည်းထောက်ပံ့ဖြန့်ဖြူးရေးရာတွင် ထိရောက်အကျိုးရှိစွာ စီမံခန့်ခွဲတတ်‌စေရန် ရည်ရွယ်၍ အခြေခံကျန်းမာရေးပညာရှင်များ၊ တိုက်နယ်ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများအား (၃) ရက်တာ သင်တန်းများ ပို့ချပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းများသို့ ထားဝယ်မြို့နယ်တွင် သင်တန်းသားဦးရေ(၃၀)ဦး၊ ရေဖြူမြို့နယ်တွင် သင်တန်းသားဦးရေ(၃၉)ဦး တက်ရောက်ခဲ့ပါသည်။

More Tags