COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (28-6-2020, 8:00 AM)

၁။ (၂၇-၆-၂၀၂၀)ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် -

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၅၆၃)ခု၊

• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၅၂)ခု၊

• ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် - ၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၁၅)ခု၊
စုစုပေါင်း ဓာတ်ခွဲနမူနာ (၈၃၀)ခုအား စစ်ဆေးပြီးစီးခဲ့ရာ-

• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၃)ဦး တွေ့ရှိခဲ့ပါသည်။

၂။ (၂၈-၆-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၉၆) ဦးရှိပါသည်။

၃။ သို့ဖြစ်ပါ၍ (၂၇-၆-၂၀၂၀)ရက်နေ့ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် -

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်နှင့် ဒုတိယ အသုတ်) ဓာတ်ခွဲနမူနာ(၁,၁၂၈)ခု၊

• ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၉၂)ခု၊

• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay)မှ ဓာတ်ခွဲနမူနာ (၂၇၈) ခု၊

• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၅၂)ခု နှင့်

• ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် - ၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၁၅)ခု၊

• စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၉၆၅)ခုအား စစ်ဆေးပြီးစီးခဲ့ပါသည်။

More Tags