သရက်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် Township TB/HIV Committee Meeting ကျင်းပ

သရက်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၂၅) ရက်

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် Township TB/ HIV Committee Meeting အခမ်းအနားကို (၂၅-၆-၂၀၂၀) ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ကျင်းပခဲ့ရာ သရက်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညွန့်ရွှေအောင်၊ သရက်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သရက်ခရိုင် ပြည်သူ့ဆေးရုံမှဝန်ထမ်းများ၊ သရက်မြို့နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာနနှင့် သရက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ART Center မှဝန်ထမ်းများ စုစုပေါင်း (၁၆) ဦး တက်ရောက်၍ Power Point Presentation ဖြင့်ရှင်းလင်းဆွေးနွေးခြင်း၊ မေးခွန်းများအပြန်အလှန်မေးမြန်း၍ ဆွေးနွေးခြင်းတို့ဖြင့် ကျင်းပခဲ့ပါသည်၊၊

More Tags