ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၁) တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၅) ရက်

     ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၁) နယ်မြေ(၆)တွင် (၂၅-၆-၂၀၂၀) နံနက်(၉း၀၀)၌ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလွင်လွင်ရီ ဦးဆောင်၍ ပဲခူးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုခရိုင်မှူးဒေါက်တာပန်းမာလာမြတ်ကို၊ ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာခြူးထက်နှင်း၊ တိုင်း/ ခရိုင်/ မြို့နယ် (ရ.ပ.က.န) မှ ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်ရှိ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့ဝင်များပါဝင်၍ သွေးလွန်တုပ်ကွေး ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် ကာကွယ်နှိမ်နင်းရေး လုပ်ငန်း များဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် Hand Speaker ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများအား ရပ်ကွက်ဓမ္မာရုံရှိ Hand Speaker ဖြင့် နေ့စဉ်/နေ့တိုင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန် အကြံပေးခဲ့ပြီး လိုအပ်သော အသံဖိုင်များ၊ လက်ကမ်းစာစောင်များ ပံ့ပိုးပေးခဲ့ပါသည်။

More Tags