ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိုင်းဒေသကြီးဦးစီးမှူးတို့မှ မိုးညိုမြို့နယ်၊ ဆင်မနိုင်ကျေးရွာသို့ကွင်းဆင်းခြင်း

ပဲခူး၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၂၃ ရက်

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေးနှင့် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အေးအေးငြိမ်းတို့သည် (၂၃.၆.၂၀၂၀) ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ် ဆင်မနိုင်တိုက်နယ်ဆေးရုံ အစည်းအဝေးခန်းမ၌ ဆင်မနိုင်ကျေးလက်ကျန်းမာရေးဌာန ဆောက်လုပ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် မိုးညိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်အောင်နှင့် ဆင်မနိုင်နှင့် ဆင်ခေါင်း အုပ်စုမှ တာဝန်ခံရွာသားများလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ယခုလက်ရှိ ဆင်မနိုင်ကျေးလက်ကျန်းမာရေးဌာန တည်ဆောက်ထားသည့် ဆင်ခေါင်းအုပ်စု လှေယာဉ်ကျေးရွာနှင့် ဆင်မနိုင်အုပ်စု မစိုးရိမ်ရွာသစ်တို့သို့ ကွင်းဆင်းကြည့်ရှုပြီး ဆင်မနိုင်ကျန်းမာရေးဌာန စံကိုက်အဆောက်အဦ ဆောက်လုပ်ရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပါသည်။

 
 

More Tags