ဆီဆိုင်မြို့နယ်အတွင်း COVID-19 ရောဂါ နှင့် ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများအား ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ကွင်းဆင်းစစ်ဆေး

ဆီဆိုင်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၃ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်နှင့်အဖွဲ့သည် ဇွန်လ ၂၂ ရက်နေ့တွင် ဆီဆိုင်မြို့နယ်သို့ သွားရောက်ပြီး ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် အသွားအလာကန့်သတ်သူများထားရှိရာနေရာများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

 

     ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးသည် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်မြို့ရှိ အသွားအလာကန့်သတ်သူများထားရှိသည့် ဓမ္မာရုံနေရာသို့ သွားရောက်စစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။ ထို့နောက် ဆိုက်ခေါင်တိုက်နယ်ဆေးရုံနှင့် ဘန်းယဉ်တိုက်နယ်ဆေးရုံများသို့ သွားရောက်ပြီး ဆေးရုံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

More Tags