COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (24-6-2020, 8:00 AM)

၁။ (၂၃-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲ နမူနာ (၈၆၁)ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၇၀) ခု၊

စုစုပေါင်း (၁,၁၃၁)ခုအား ယနေ့၊ နံနက်အစောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်မတွေ့ရှိပါ။

၂။ (၂၄-၆-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၉၂) ဦးရှိပါသည်။

၃။ (၂၃-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲ နမူနာ (၁,၃၃၁)ခု၊

• ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၄၆) ခု၊

• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၇၀) ခုနှင့်

• ရန်ကုန်မြို့၊ အမှတ်(၁)တပ်မတော်ဆေးရုံကြီး (ခုတင် ၁,၀၀၀)မှ ဓာတ်ခွဲနမူနာ (၁၅၀)ခု၊

• စုစုပေါင်း (၁,၉၉၇)ခုအား စစ်ဆေးခဲ့ပါသည်။

 
 

More Tags