ရှမ်းပြည်နယ်၊(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်း ပို့ချ

ကျိုင်းတုံမြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၁၈) ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မြို့တော်ခန်းမတွင် (၁၈.၆.၂၀၂၀) ရက်နေ့၌ မြန်မာနိုင်ငံဆရာဝန်အသင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ COVID-19 ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော စေတနာ့ဝန်ထမ်းများ မွေးထုတ်နိုင်ရေးအတွက် စေတနာ့ဝန်ထမ်းဆင့်ပွားသင်တန်းကို ကျင်းပခဲ့သည်။ အဆိုပါသင်တန်းတွင် အာခါတိုင်းရင်းသားရေးရာဝန်ကြီးဦးအာဗေလှမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမြင့်ကျော်မှ သင်တန်းနှင့်ပတ်သက်၍ လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ မိမိတို့နှင့်သက်ဆိုင်သည့် သင်ခန်းစာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းတွင် သင်တန်းဆရာများနှင့် သင်တန်းသားများစုစုပေါင်း (၃၈) ဦးခန့်တက်ရောက်ခဲ့သည်။

 
 

More Tags