ရမည်းသင်းမြို့နယ်၊ အခြေခံပညာ ဆရာ၊ ဆရာမများအား COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်း

ရမည်းသင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၂၁ ရက်

     မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ (၁၅.၆.၂၀၂၀) မှ (၂၁.၆.၂၀၂၀) ရက်နေ့အထိ ပညာရေးဝန်ကြီးဌာနမှပြုလုပ်သော Grade 4 သင်ရိုးသစ်သင်တန်းကျင်းပဆောင်ရွက်နေကြပါသည်။ (၂၁.၆.၂၀၂၀) ရက်နေ့တွင် သီလဝခန်းမ၌ Grade 4 သင်ရိုးသစ် သင်တန်းသား၊ သင်တန်းသူ (၁,၀၉၉) ဦးအား အဖွဲ့(၃)ဖွဲ့ခွဲကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်၊ ဒေါက်တာ သီရိမွန် (တာဝန်ခံဆရာဝန်၊ ကျောင်းကျန်းမာရေးဌာန)၊ လက်ထောက်ကျန်းမာရေးမှူး ဦးဇော်လင်းတို့မှ ကျောင်းများပြန်လည်ဖွင့်လှစ်ပါက ဆောင်ရွက်ရမည့် COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းလမ်းစဉ်များနှင့်အညီ ဆောင်ရွက်နိုင်ရန် အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။

 
 

More Tags