ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် “အခြေခံကျန်းမာရေးပညာရှင်များအား Mobile Tablet ဖြန့်ဝေခြင်း အခမ်းအနား” ကျင်းပ

ကျိုင်းတုံမြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၂၂) ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ (၂၂.၆.၂၀၂၀) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ အခြေခံကျန်းမာရေးပညာရှင်များအား Mobile Tablet ဖြန့်ဝေခြင်းအခမ်းအနား ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ကုသရေး နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ Mobile Tablet ပေးအပ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းအခမ်းအနားသို့ ကျိုင်းတုံ ခရိုင်/ မြို့နယ် အုပ်ချုပ်ရေးမှူးများ အပါအဝင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ခရိုင်/ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့သည်။

 

     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထောက်ပံ့ပေးသော Mobile Tablet ၏ အသုံးဝင်ပုံများအား အခမ်းအနားတက်ရောက်လာသူများက မေးမြန်းခဲ့ရာ ပြည်နယ်ကုသရေး နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါ အခမ်းအနားကို နံနက် (၁၀:၀၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

More Tags