COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (23-6-2020, 8:00 AM)

၁။ (၂၂-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် -

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၆၈၆)ခု နှင့်

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၈၀)ခု၊ စုစုပေါင်း (၉၆၆) ခု အား စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦးတွေ့ရှိရပါသည်။

၂။ (၂၃-၆-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၉၁) ဦးရှိပါသည်။

၃။ (၂၂-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာမှုများအနေဖြင့် -

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်နှင့် ဒုတိယ အသုတ်) ဓာတ်ခွဲနမူနာ (၁,၀၅၈ )ခု၊

• ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၉၉)ခု၊

• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၈၀)ခုနှင့်

• ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး(ကုတင် - ၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၂၅၂)ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၇၈၉) ခုအား စစ်ဆေးပြီးစီးခဲ့ပါသည်။

 

More Tags