ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ်များတွင် မြို့နယ်အဆင့် (Grade-4) သင်ရိုးသစ်သင်တန်းဆင်းပွဲ၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပညာပေးဟောပြောပွဲ ကျင်းပ

မိုးနဲမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၁ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ မြို့နယ်များတွင် မြို့နယ်အဆင့် (Grade-4) သင်ရိုးသစ်သင်တန်းဆင်းပွဲများ၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးခြင်းကို ဇွန်လ (၂၀) ရက်နေ့နှင့် ၂၁ ရက်နေ့များတွင် မြို့နယ်အသီးအသီး၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါသင်တန်းဆင်းပွဲများတွင် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများမှ COVID-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ကျောင်းသို့မလာမှီ၊ ကျောင်ဆင်းချိန်နှင့် မုန့်စား/ထမင်းစားနားနေချိန်တို့တွင် မိဘ၊ ဆရာနှင့် ကျောင်းသား၊ ကျောင်းသူများလိုက်နာရမည့် အချက်အလက်များနှင့် COVID-19 ရောဂါနှင့်ပတ်သက်သော သိကောင်းစရာများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းထုတ်ဝေသည့် သိကောင်းစရာအချက်အလက်များကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသောအချက် အလက်များကို ပြန်လည်မေးမြန်းရာ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။

 

     အဆိုပါသင်တန်းဆင်းပွဲများတွင် COVID-19 ရောဂါအကြောင်းအပြင် မိုးနဲမြို့နယ်၊ ပင်းတယမြို့နယ်နှင့် မိုင်းရှူးတို့၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း၊ မောက်မယ်မြို့နယ်၌ ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျောရောဂါအကြောင်း၊ လဲချားမြို့နယ်နှင့် မိုင်းကိုင်မြို့နယ်တို့၌ ကျောင်းကျန်းမာရေးနှင့်ရာသီတုပ်ကွေးရောဂါအကြောင်းများကိုလည်း ထပ်ဆောင်း ဟောပြောခဲ့ကြပါသည်။

More Tags