ကျိုင်းတုံမြို့တွင် အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု

ကျိုင်းတုံမြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၁၉) ရက်

     ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဉီးရဲနိုင်၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာမြင့်ကျော်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် ကျိုင်းတုံမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ ဖြစ်သော အထက (၂)၊ အထက (၅) နှင့် ရတနာကိုယ်ပိုင်အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။ ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းအုပ်ကြီးများက ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ခန်းများတွင် စာသင်ခုံများအား (၆) ပေအကွာ ပြင်ဆင်ထားရှိမှုများ၊ လက်ဆေးရန်နေရာများ ပြင်ဆင်ထားရှိမှုများနှင့် ကျောင်းဖွင့်လျှင် ဆောင်ရွက်ထားရှိမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။

 
 

More Tags