ညောင်ဦးမြို့၌ COVID-19 ရောဂါနှင့် ပတ်သက်၍ အခြေခံပညာမူလတန်းဆရာ/ဆရာမများအား ပညာပေးဟောပြောပွဲ ကျင်းပ

ညောင်ဦးမြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၂၁) ရက်

     ညောင်ဦးမြို့နယ်အတွင်း အခြေခံပညာမူလတန်းကျောင်းများရှိ Grade-4 သင်တန်း စနစ်သစ်သင်တန်းတက်ရောက်နေသော ဆရာဆရာမများအား COVID-19 ရောဂါနှင့်ပတ်သက်၍ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား/သူများ၊ ကျောင်းသားမိဘများနှင့် ဆရာဆရာများ ရှောင်ရန်/ဆောင်ရန် အချက်များကို (၂၁-၆-၂၀၂၀) ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် အထက ညောင်ဦးအားကစားခန်းမတွင် အသုတ် ၃ သုတ်ခွဲ၍ ဟောပြောခဲ့ပါသည်။

 

     အခမ်းအနားတွင် ညောင်ဦးမြို့နယ် မြို့နယ် ပညာရေးမှုး ဦးမျိုးညွန့် က အဖွင့်အမှာစကားပြောကြခဲ့ပြီး ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ လက်ထောက်ကျန်းမာရေးမှူး ဦးသန်းလင်းအောင် က COVID 19 ရောဂါ ကူးစက်ပျံ့နှံပုံ ကာကွယ်ရေးနည်းလမ်းများ ၊ ကျောင်းဖွင့်ရာသီတွင် ဆရာဆရာမများ လိုက်နာရမည့်အချက်များ ၊ ကျောင်းသူကျောင်းသားများ နှင့်ကျောင်းသားမိဘ များလိုက်နာရမည့် အချက်များကို ဟောပြော ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲကို ဒု-မြို့နယ်ပညာရေးမှူးများ လက်ထောက်မြို့နယ် ပညာရေးမှူးများ ၊ အခြေခံပညာ ကျောင်းအုပ်ကြီးများ နှင့် ဆရာဆရာမ ၈၈၄ ဦး တတ်ရောက် ခဲ့ကြပါသည်။

More Tags