Video Conferencing on Infection Prevention and Control ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၆ ရက်

     ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ Video Conferencing on Hospital Infection Prevention and Control ကို ၂၀၂၀-ပြည့်နှစ်၊ ဇွန်လ ၆ ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး) ဒေါက်တာသီတာလှ၊ ညွှန်ကြားရေးမှူး(ကုသရေး) ဒေါက်တာမိုးခိုင်နှင့် တာဝန်ရှိသူများ၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင် ကျန်းမာရေးဌာနခွဲတို့မှ ပါဝင်တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ကုသရေးဦးစီးဌာနများမှ Infection Prevention and Control (IPC) Focal Person များ၊ ဗဟိုအဆင့်ဆေးရုံများနှင့် တိုင်းဒေသကြီး/ပြည်နယ်ကုသရေး ဦးစီးဌာနများမှ ဆေးရုံအုပ်ကြီးများနှင့် IPC teams များ စုစုပေါင်းလူဦးရေ (၁၀၁)ဦး တက်ရောက်ကြပါသည်။

 

     အဆိုပါ Video Conferencing တွင် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ကုသရေး) ဒေါက်တာမိုးခိုင်က Hospital Infection Prevention and Control လုပ်ငန်းများ အားဖြည့် ဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး) ဒေါက်တာ သီတာလှ က Hospital Infection Prevention and Control လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၄ နာရီ ရေရရှိရေး၊ မီးရရှိရေး၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်နိုင်ရေး တို့သည် အဓိက ကျသော လုပ်ငန်းများဖြစ်သဖြင့် ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း၊ Infection Prevention and Control တွင် အခြေခံကျသည့် Hand Hygiene ကို ကျန်းမာရေးဝန်ထမ်းများ လိုက်နာဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ဆေးရုံများအနေဖြင့် ကူးစက်ရောဂါ Outbreak များအတွက် Readiness ဖြစ်အောင် ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ COVID-19 ရောဂါ ကုသရေး/ကာကွယ်ရေးအတွက် ဆောင်ရွက်မှုများကိုလည်း အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဆေးရုံများ၌ Fever Corner များကိုလည်း Infection Prevention and Control concept အခြေခံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ပါ ကြောင်း၊ ကုသရေးဦးစီးဌာနအနေဖြင့်လည်း တတ်နိုင်သမျှ ပံ့ပိုးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်သူ့ဆေးရုံ၊ ပူတာအိုမြို့မှ ဆေးရုံအုပ် ဒေါက်တာသန့်ဇင်ထွန်းက IPC in Covid-19 ခေါင်းစဉ်ဖြင့် ဆွေးနွေးပြီး ပြည်သူ့ဆေးရုံများအလိုက် ဆောင်ရွက်လျက်ရှိသည့် ဆေးရုံမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆွေးနွေး ကြကာ Video Conferencing ကို ညနေ (၄:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

More Tags