COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (20-6-2020, 8:00 AM)

၁။ (၁၉-၆-၂၀၂၀)ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် -
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၇၆၈)ခုနှင့်
ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၆၅)ခု၊ စုစုပေါင်း (၉၃၈) ခု- အားစစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် မတွေ့ရှိရပါ။

၂။ (၂၀-၆-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၈၆) ဦးရှိပါသည်။

၃။ (၁၉-၆-၂၀၂၀)ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုအနေဖြင့် -

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်နှင့် ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁,၃၃၀)ခု၊

• ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၆၅)ခု၊

• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL-Mdy)မှ ဓာတ်ခွဲနမူနာ (၃၇၅)ခု၊

• ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီး၊ ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၂၈၂)ခု၊ စုစုပေါင်းဓာတ်ခွဲနမူနာ (၂,၁၅၂)ခုအား စစ်ဆေးပြီးစီးခဲ့ပါသည်။

More Tags