၁။ (၁၈-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၆၆၉) ခု နှင့်
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) (PHL-MLM) မှ ဓာတ်ခွဲနမူနာ (၉၄) ခု၊
စုစုပေါင်း ဓာတ်ခွဲနမူနာ (၇၆၃) ခုအား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၃) ဦး တွေ့ရှိပါသည်။
၂။ သို့ဖြစ်ရာ (၁၉-၆-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၈၆)ဦး ရှိပြီဖြစ်ပါသည်။
၃။ (၁၈-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ (၁,၃၂၇) ခု၊
- ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၂၄၀) ခု၊
- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၀၃) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL-MDY) မှ ဓာတ်ခွဲနမူနာ (၃၇၀) ခု နှင့်
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) (PHL-MLM) မှ ဓာတ်ခွဲနမူနာ (၂၈၂) ခု၊
စုစုပေါင်း (၂,၄၂၂) ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂၃) ဦး တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။
၄။ အဆိုပါ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၃) ဦးအား သက်ဆိုင်ရာ သတ်မှတ်ဆေးရုံများတွင် ဆက်လက်၍ ကုသမှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။