ထားဝယ်မြို့တွင် COVID 19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ အသိပေးဆွေးနွေးပွဲ ပြုလုပ်

ထားဝယ်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၁၈) ရက်

     တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ COVID 19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများအား ဌာနဆိုင်ရာများနှင့် NGOs, CSO များအား အသိပေးဆွေးနွေးပွဲကို (၁၈-၆-၂၀၂၀) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင်၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ/ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်း တက်ရောက်အမှာစကား ပြောကြားပါသည်။

 

     ဒေါက်တာထွန်းမင်းမှ အမှာစကားပြောကြားရာတွင် ကမ္ဘာ့နိုင်ငံများ COVID 19ရောဂါ ဖြစ်ပွားမှုအခြေအနေ၊ မြန်မာနိုင်ငံ၏ အခြေအနေ၊ တုံ့ပြန်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆေးနှင့် ဆေးပစ္စည်းများ ဖြန့်ဖြူးပေးနေမှုအခြေအနေများ၊ ရောဂါကာကွယ်တားဆီးရေးဆောင်ရွက်ထားမှု အခြေအနေများကိုရှင်းလင်းပြောကြားပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းကြရာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာ/ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းက ပြန်လည် ရှင်းလင်းဖြေကြားပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ NGO နှင့် CSO များနှင့် ကျန်းမာရေးဌာနမှဝန်ထမ်းများ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ကြပါသည်။

More Tags