COVID-19 ရောဂါဆိုင်ရာ ကျန်းမာရေးပညာပေး Animation GIF ဖိုင်များ (15-6-2020)

၁။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မိခင်များအနေဖြင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုနှင့် မွေးဖွားပြီးမိခင် စောင့်ရှောက်မှုတို့ကို ပုံမှန်အတိုင်းခံယူပါ။

၂။

မိခင်နှင့်ကလေးငယ်တို့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ပါက (ဒါမှမဟုတ်) ကာကွယ်ဆေးထိုးနှံဖို့ လိုအပ်ပါက ကျန်းမာရေးဌာနကို ကြိုတင်အကြောင်းကြားဆက်သွယ်ပြီး သွားရောက်ပါ။

၃။

မိမိကိုယ်တိုင်၊ မိမိ၏ကလေး (ဒါမှမဟုတ်) မိမိ၏မိသားစုအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ မကူးစက်စေဖို့နဲ့ မိမိ၏ကလေးငယ် မရရှိသေးတဲ့ ကာကွယ်ဆေးတွေအားလုံး အပြည့်အဝရရှိနိုင်ဖို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အကြံပြုချက်တွေကို လိုက်နာပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါ။

၄။

ကလေးငယ်တွေက သူတို့ရဲ့လက်တွေကို ပါးစပ်ထဲ ထည့်တတ်ကြတာကြောင့် ကလေးငယ်ရဲ့ လက်နဲ့မျက်နှာကို သေသေချာချာ ဆေးကြောပေးပါ။

၅။

မိဘအုပ်ထိန်းသူများအနေနဲ့ မိမိတို့ရဲ့ ကလေးငယ်တွေနဲ့ တတ်နိုင်သမျှ မကြာခဏ အတူတူကစားခြင်း၊ ကလေးငယ်တွေကို ချစ်ခင်ယုယပြီး နွေးနွေးထွေးထွေးဆက်ဆံခြင်း၊ ကလေးငယ်ကို လေ့လာသင်ယူမှုတွေ ဆက်လုပ်နိုင်အောင် ပံ့ပိုးပေးပါ။

၆။

ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ် ကောင်းမွန်ဖို့အတွက် အစာအုပ်စု စုံလင်မျှတအောင်စားပါ။ ရေကို နေ့စဉ်လုံလောက်အောင် သောက်သုံးပါ။

   

 

 
 

More Tags