COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (14-6-2020, 8:00 AM)

၁။ (၁၃-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၆၆၄)ခုနှင့်

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL-MLM) မှ ဓာတ်ခွဲနမူနာ (၃၆၈)ခု၊ စုစုပေါင်း (၁,၀၃၂) ခုအား ယနေ့၊ နံနက်အစောပိုင်း၌ စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် မတွေ့ရှိရပါ။

၂။ (၁၄-၆-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၆၁) ဦးရှိပါသည်။

၃။ (၁၃-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် -
• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်နှင့် ဒုတိယ အသုတ်)ဓာတ်ခွဲနမူနာ (၁,၂၁၇)ခု၊
• ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၈၄)ခု၊
• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL-MDY)မှ ဓာတ်ခွဲနမူနာ (၂၇၈)ခုနှင့်
• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)(PHL-MLM)မှ ဓာတ်ခွဲနမူနာ (၃၆၈)ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၂,၀၄၇)ခုအား စစ်ဆေးပြီးစီးခဲ့ပါသည်။

 
 

More Tags