မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအတွက် Video Conferencing အစည်းအဝေးပြုလုပ်

မကွေးမြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၁၀) ရက်

     မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် (၁၀- ၆-၂၀၂၀) ရက်နေ့၊ နေ့လည် ၂ နာရီတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အတွက် Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ အစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီးကျန်းမာ‌ရေးဦးစီးဌာမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းလှိုင်မှ အဖွင့်အမှာစကား ပြောကြား ပါသည်။ ထို့နောက် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ရ၊ပ၊က၊န) ဒေါက်တာအောင်သီနှင့် ဒုတိယညွှန်ကြားရေးမှူး (သွေးလွန်တုပ်ကွေး/ဆင်‌ခြေထောက်) ဒေါက်တာနေရည်ရည်လင်း တို့မှ ဦးဆောင်၍ မကွေးတိုင်းဒေသကြီး ရ၊ပ၊က၊န အဖွဲ့မှ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာကြည်သာဆွေနှင့် မကွေးတိုင်း ဒေသကြီးအတွင်း ၂၅ မြို့နယ်မှ ဆေးရုံအုပ်ကြီးများ၊ ခရိုင်/မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများ Video Conferencing စနစ်ဖြင့် ချိတ်ဆက်ပြီး မကွေးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ လက်ရှိအခြေအနေ၊ ဆောင်ရွက်မည့်လုပ်ငန်းများ၊ လိုအပ်ချက်များ၊ အားသာချက်၊ အားနည်းချက်များ စသည်တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

More Tags