သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးသင်တန်း ကျင်းပပြုလုပ်

လွိုင်ကော်မြို့၊ ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၁၂)ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၁၁-၆-၂၀၂၀) ရက်နေ့မှ (၁၂-၆-၂၀၂၀) ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး သင်တန်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းသို့ မြို့နယ်(၇)မြို့နယ်မှ တာဝန်ခံများ၊ ပြည်နယ်ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဌာနမှ ဝန်ထမ်းများ စုစုပေါင်း(၃၂)ဦး တက်ရောက်ခဲ့ပါသည်။ ပြည်နယ်ငှက်ဖျား ရောဂါ တိုက်ဖျက်ရေးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာအောင်သူထက်နှင့် သင်ကြားရေးအဖွဲ့ဝင်များမှ သင်ကြားပို့ချ ခဲ့ပါသည်။

 

More Tags