မကွေးတိုင်းဒေသကြီးအတွင်း သုံးဦးမြောက် Covid-19 လူနာတွေ့ရှိခြင်းနှင့်ပတ်သက်ပြီး လုပ်ငန်းဆန်းစစ်အစည်းအဝေး ကျင်းပ

မကွေးမြို့၊ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၈) ရက်

     မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူးရုံးခန်းတွင် COVID-19 ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ပြန်လည်သုံးသပ်ခြင်းနှင့် ဆက်လက်၍ လုပ်ဆောင်ရမည့်လုပ်ငန်းများကို ဆွေးနွေးနိုင်ရန်အတွက် ၂၀၂၀ ခုနှစ် ဇွန်လ (၈) ရက်နေ့ နံနက်ပိုင်းတွင် တတိယအကြိမ်မြောက် Review Meeting ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးမှ ယခုအချိန်အထိ မကွေးတိုင်းဒေသကြီးအတွင်း COVID-19 ပိုးတွေ့လူနာ(၃)ဦးတွေ့ရှိခဲ့ပြီဖြစ်ပြီး ပိုးတွေ့လူနာများ အားလုံးမှာ ပြည်ပနိုင်ငံများမှ၀င်ရောက်လာသူများ၊ အသွားအလာကန့်သတ်ထားသူများ ဖြစ်ကြကြောင်း၊ ဤကဲ့သို့ Facility Quarantine Sites များမှတွေ့ရှိရသည့်အတွက် ပိုးတွေ့လူနာများနှင့် ထိတွေ့မှုရှိသူများ ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် တိုင်းဒေသကြီးအဆင့် COVID-19 ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် သက်ဆိုင်ရာဌာနများသို့ COVID-19ရောဂါနှင့်ပတ်သက်သည့် သတင်းအချက် အလက်မှတ်တမ်းများပေးပို့ရာတွင် တိကျမှန်ကန်စွာပေးပို့နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး COVID-19 Command Center မှ ဆက်လက်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်းမှားကြားပါ သည်။

     နိဂုံးချုပ်အနေဖြင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ COVID-19 ရောဂါကာကွယ် ရေးနှင့်ပတ်သက်၍ ထုတ်ပြန်ထားသော အသိပညာပေးကြေငြာချက်များအား ပြည်သူများမှ ပိုမိုလိုက်နာဆောင်ရွက်ရန်အတွက် Hand Held Speaker များဖြင့် နေ့စဉ် သက်ဆိုင်ရာ မြို့နယ်အသီးသီးတွင် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ အစည်းအဝေးသို့မကွေးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များနှင့် ဦးစီးအရာရှိများ တက်ရောက်ခဲ့ကြပါသည်။

More Tags