လှိုင်းဘွဲမြို့၊ မြိုင်ကြီးငူအထူးဒေသတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

လှိုင်းဘွဲမြို့၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၃၁) ရက်

     ကရင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ပြည်နယ်ရပကနအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပြည်သူလူထုများ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ်၊ မေလ (၃၁) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ မြိုင်ကြီးငူအထူးဒေသ၌ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

     ရေများသိုလှောင်ထားသော ရေစည်‌ရေပုံးများ၊ စဥ့်အိုးများ၊ရေကန်များထဲတွင်ပိုးလောက်လန်းများ ရှင်သန်ပေါက်ပွားခြင်းမရှိ​စေနိုင်ရန် တိုက်ချွတ်ဆေးကြောခြင်း၊ အဘိတ်ဆေးခပ်ခြင်းကို ပြုလုပ်ခဲ့ပါသည်။ ထို့အပြင်နေအိမ်ပတ်ဝန်းကျင်ရှိ အိုး၊ ခွက်၊ ဝါးဆစ်ခေါင်း၊ ကားတာယာ စသည့် ရေတင်ကျန်နိုင်သောအရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ပြုလုပ်ခြင်း၊ သွေးလွန်တုပ်ကွေးဖြစ်ပွားသော လူနာနေအိမ်နှင့် ပတ်ဝန်းကျင်အား ခြင်သက်ကြီးကောင် နှိမ်နင်းခြင်းများကိုလည်း ပြုလုပ်ပေးခဲ့ကြသည်။

More Tags