သရက်ခရိုင်ပြည်သူ့ဆေးရုံတွင် Hospital Infection Control Team အစည်းအဝေး ကျင်းပ

သရက်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၂၉) ရက်

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ခရိုင်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ (၂၉-၅-၂၀၂၀) ရက်နေ့၊ နေ့လည် ၂ နာရီခွဲအချိန်တွင် Hospital Infection Control Team အစည်းအဝေးကို ကျင်းပခဲ့ရာ ဆေးရုံအုပ်၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမကြီး၊ အထက်တန်းသူနာပြုများ၊ သူနာပြုများ၊ ဆေးလူမှုဆက်ဆံရေးဌာန၊ ဓာတ်ခွဲဌာနနှင့် ဓာတ်မှန်ဌာနတို့မှ ဝန်ထမ်းများ တက်ရောက်ကြပါသည်၊၊

 

     အဆိုပါ အစည်းအဝေးတွင် Hospital Infection Control Team ၏တာဝန်များကို ကျွေပွန်စွာ ထမ်းဆောင်ကြရန်၊ ဆေးရုံစွန့်ပစ်အမှိုက်များကို သတ်မှတ်အရောင်များအတိုင်းစနစ်တကျစွန့်ပစ်ရန်၊ Sharp Pit နှင့် Placenta Pit များပြုလုပ်၍အသုံးပြုရန် ၊Infection Control Nurse ရွေးချယ်၍ လုပ်ငန်းများဆောင်ရွက်ရန်၊ အပတ်စဉ် စုပေါင်းသန့်ရှင်းရေးကို ပုံမှန်ဆောင်ရွက်ရန်၊ Hand Hygiene ကိုဆေးရုံဝန်ထမ်းအားလုံးလိုက်နာဆောင်ရွက်ရန်၊ လူနာစည်းကမ်း၊ လူနာစောင့်စည်းကမ်းနှင့် ဧည့်သည်စည်းကမ်းများကို အများမြင်သာသည့် နေရာများတွင် ချိတ်ဆွဲထားရှိရန်နှင့် Hospital Infection Control Guideline (2016) စာအုပ်ကို အဖွဲ့ဝင်အားလုံးဖတ်ရှူ၍လုပ်ငန်းများ ဆောင်ရွက်ကြရန် စသည့်အချက်များကို ဆွေးနွေးခဲ့ကြပါသည်။

More Tags