COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (27-5-2020, 7:00 am)

၁။ (၂၆-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရာတွင်

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၄၆၇) ခု၊

ဆေးသုတေသနဦးစီးဌာနမှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၁၄) ခုနှင့်

အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အဏုဇီဝဗေဒဌာနမှ ဓာတ်ခွဲနမူနာ (၁၆၁) ခု၊

စုစုပေါင်း (၆၄၂)ခုအား (၂၇-၅-၂၀၂၀) ရက်နေ့၊ နံနက်စောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။

၂။ (၂၇-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၀၆) ဦးရှိပြီဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၂၄) ဦးရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၂၆-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရာတွင် -
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၁,၀၂၆) ခု၊

ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၂၅) ခု နှင့်

အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အဏုဇီဝဗေဒဌာနမှ ဓာတ်ခွဲနမူနာ (၁၆၁) ခု၊

စုစုပေါင်း (၁,၃၁၂)ခုအား စစ်ဆေးခဲ့ပြီး (၂၇-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် ဓာတ်ခွဲစစ်ဆေးမှုများ ပြီးစီးခဲ့ပါသည်။

More Tags