ရွှေကူမြို့နယ်၊ COVID-19 ရောဂါ ကာကွယ် ၊ ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် COVID-19 ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း

ရွှေကူ၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၂၅ ရက်

     ကချင်ပြည်နယ် ရွှေကူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိင်ရေး အတွက် Access to Health Fund အထောက်အပံ့ဖြင့် မြန်မာနိင်ငံကျန်းမာရေးမှူးအသင်း၏ Real Project (KSS) မှ ရွှေကူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ (၂၅/၀၅/၂၀၂၀) ရက်နေ့တွင် ပေးအပ်လှူဒါန်းခဲ့ပါသည်။ ရွှေကူမြို့နယ်အတွင်း၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိင်ရေးအတွက် ဖော်ပြပါ COVID-19 ကာကွယ်ရေး ပစ္စည်းများကို ကချင်ပြည်နယ် ရွှေကူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းထွန်းမှလက်ခံရယူခဲ့ပြီး အဆိုပါ COVID-19 ကာကွယ်ရေးပစ္စည်းများကို ရွှေကူမြို့နယ်အတွင်းရှိ ကျေးလက် ကျန်းမာရေး ဌာန/ဌာနခွဲများသို့ ဆက်လက်ဖြန့်ဝေဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် Access to Health Fund အထောက်အပံ့ဖြင့် မြန်မာနိင်ငံကျန်းမာရေးမှူးအသင်း၏ Real Project (KSS)မှ COVID-19 ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအား အထူးကျေးဇူးဥပကာရတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်စကား ပြောကြားခဲ့ပါသည်။

 
 

More Tags