ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာမည့်နေရပ်ပြန်များကို ဓါတ်ခွဲနမူနာများယူဆောင် စစ်ဆေးရန်အတွက် မွန်ပြည်နယ်မှ ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းများ မြဝတီမြို့သို့ထွက်ခွာ

မော်လမြိုင်မြို့၊၂၀၂၀ ပြည့်နှစ်၊ မေလ (၂၄) ရက်

     ထိုင်းနိုင်ငံမှမြဝတီမြို့သို့ ပြန်လည်ရောက်ရှိလာမည့် နေရပ်ပြန်များကို ဓါတ်ခွဲနမူနာများယူဆောင် စစ်ဆေးရန်အတွက် ကရင်ပြည်နယ်ရှိ ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းများနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ရန် မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနရှိ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး၊ ချောင်းဆုံမြို့နယ်၊ ပေါင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ် များမှ ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်း (၁၀)ဦး၊ လက်ထောက်ကျန်းမာရေးမှူး (၁) ဦး၊ ရုံးအကူ (၁) ဦး ၊ ယာဉ်မောင်း (၁) ဦး စုစုပေါင်း (၁၃) ဦး တို့သည် ၂၄.၅.၂၀၂၀ ရက်နေ့၊ နေ့လည် (၁:၃၀) အချိန်ခန့်တွင် မော်လမြိုင်မြို့မှ ထွက်ခွာပြီး ညနေ (၄:၃၀) အချိန်ခန့်တွင် မြဝတီမြို့ရောက်ရှိပြီး ဓာတ်ခွဲ နမူနာယူခြင်း လုပ်ငန်းများ ဝိုင်းဝန်းလုပ်ဆောင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

More Tags