ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆေးရုံအုပ်ကြီးများနှင့် မြို့နယ် ကုသရေးဦးစီးဌာနမှူးတို့အား တွေ့ဆုံမှာကြား

နေပြည်တော်။ ။ ၂၀၂၀ ခုနှစ်၊ မေလ (၂၂) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် မေလ (၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ကုသရေးဦးစီးဌာန၊ နေပြည်တော်၌ တာဝန်ထမ်းဆောင်နေပြီး တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆေးရုံအုပ်ကြီးများ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူးများ အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့်သူများအား တွေ့ဆုံ၍ လမ်းညွှန်မှာကြားခဲ့ပါသည်။

 

     ယင်းသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် -

• ယခုကဲ့သို့ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၊ ဖျာပုံပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန် အလုပ် သမားဆေးရုံကြီးတို့တွင် ဆေးရုံအုပ်ကြီးများနှင့် ဝါးခယ်မမြို့နယ် ကုသရေးဦးစီး ဌာနမှူးအဖြစ် ထမ်းဆောင်ရမည့်တာဝန်သည့် အလွန်ကြီးမားသည့် အလုပ်တာဝန် များပင်ဖြစ်ကြောင်း၊

• မိမိတို့ဆောင်ရွက်မည့်လုပ်ငန်းများ ပီပြင်လျှင်ပီပြင်သကဲ့သို့ ကောင်းမွန်လျှင်ကောင်း မွန်သကဲ့သို့ ဝန်ကြီးဌာနနှင့် ဆေးပညာရှင်လောကအတွက် ကောင်းမွန်သောပုံရိပ် ထင်ဟပ်လာမည်ဖြစ်သကဲ့သို့ ဒေသနေပြည်သူများအတွက်လည်း များစွာအကျိုးရှိစေ မည်ဖြစ်ကြောင်း၊

• ဆေးရုံတွင်ရှိရမည့် စာရင်းဇယား အချက်အလက်များဖြစ်သည့် အတွင်းလူနာ/ ပြင်ပ လူနာစာရင်းများ၊ ရောဂါအလိုက် ဖြစ်ပွား/ သေဆုံးမှုများ၊ ဆေးဝါးသုံးစွဲမှုနှင့် လိုအပ် ချက်များစသည်တို့ကို တတ်နိုင်သမျှတိကျစွာ ပြုစုထားရမည်ဖြစ်ကြောင်း၊

• လူနာများအလွယ်တကူသိရှိနိုင်ရန် အခမဲ့ရရှိနိုင်သည့် ဆေးဝါးများစာရင်း၊ နေ့စဉ် အတွင်းလူနာ/ ပြင်ပလူနာစာရင်းများအား ဆေးရုံတွင် ကပ်ထားရမည်ဖြစ်ကြောင်း၊

• ဆေးရုံတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာဝန်များနှင့်ဝန်ထမ်းများအားလုံးကို မိမိ၏မိသားစုသဖွယ် သဘောထား၍ ခင်မင်ရင်းနှီးစွာဆက်ဆံ၍ ဦးဆောင်မှုပေးကာ စည်းရုံးရမှာဖြစ်ကြောင်း၊

• ဆေးရုံအတွင်း/ အပြင် သန့်ရှင်းသပ်ရပ်ရေး၊ အိမ်သာ/ ရေချိုးခန်းများ သန့်ရှင်းရေးကို လည်း အထူးဦးစားပေးဆောင်ရွက်စေလိုကြောင်း၊

• ဆေးရုံသို့လာရောက်သော လူနာများအား ဆေးကုသမှုဝန်ဆောင်မှုပေးရာတွင် အဆင် ပြေစေရေးအတွက် အတတ်နိုင်ဆုံး စီမံခန့်ခွဲမှုပေးရန် လိုအပ်သကဲ့သို့ တာဝန်ထမ်း ဆောင်နေကြသည့် မိမိတို့၏ ဝန်ထမ်းများ ပျော်ရွှင်စွာအလုပ်တာဝန်ထမ်းဆောင်နိုင် ရန် ကူညီစောင့်ရှောက်ကြစေလိုကြောင်း၊

• မြို့နယ်ကုသရေးဦးစီးဌာနမှူးအနေဖြင့်လည်း ဆေးကုသရေးလုပ်ငန်းများအပြင် မြို့ နယ်၏ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကိုပါ တာဝန်ယူဆောင်ရွက်ရမည်ဖြစ် ကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ဆေးရုံများတွင် ဆေးဝါးလုံလောက်မှုရှိစေရန်အတွက် ဘဏ္ဍာ ငွေတိုးမြှင့်သုံးစွဲဝယ်ယူသွားမည်ဖြစ်ပြီး ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးသည့် စနစ်ကို တိုးတက်အောင် သုံးသပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဆေးရုံအုပ်ချုပ်မှု ဒီပလိုမာဘွဲ့ရရှိသူများကို မဟာဘွဲ့ ဆက်လက်သင်ကြားနိုင်ရေး အတွက် ဝိုင်းဝန်းစဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

• ဝန်ကြီးဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းများကို မျက်ခြေမပြတ်သိရှိနိုင်ရန် ဝန်ကြီး ဌာန၏ website ကိုနေ့စဉ်ကြည့်ရှု၍ e-mail ကိုလည်း ပုံမှန်အသုံးပြုရမှာဖြစ်ကြောင်း၊

• မိမိ၏ကျန်းမာရေးကို ဂရုစိုက်ပြီး လုပ်ငန်းတာဝန်များကို ကျန်းမာစွာ ထမ်းဆောင်နိုင် ပါစေကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

• ယင်းသို့တွေ့ဆုံရာ၌ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၊ ဖျာပုံပြည်သူ့ဆေးရုံကြီးနှင့်အလုပ် သမားဆေးရုံကြီးတို့၏ ဆေးရုံအုပ်ကြီးများဖြစ်သော ဒေါက်တာတင်လှ၊ ဒေါက်တာဇင်မာစိုး နှင့်ဒေါက်တာယဉ်ယဉ်ထွေး၊ ဝါးခယ်မမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းထက် တို့အား တွေ့ဆုံမှာကြားခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးရုံးနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

More Tags