ကယားပြည်နယ်အတွင်း COVID 19 ကူးစက်ရောဂါကာကွယ်ရေးဆောင်ရွက်နေသော မြို့အဝင်ဂိတ်များအား ကွင်းဆင်းကြီးကြပ်

လွိုင်ကော်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ မေလ (၁၆) ရက်

     ကယားပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်နှင့် ဒု-ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဝမ်းတို့သည် (၁၆-၅-၂၀၂၀) ရက်နေ့တွင် COVID-19 ကူးစက်ရောဂါကာကွယ်ရေးဆောင်ရွက်နေသော မြို့အဝင်ဂိတ်များသို့ ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။ လွိုင်ကော်မြို့နယ်မှ ဝါရီကော်ခူဂိတ်၊ ဆောင်ကန်းဂိတ်များသို့လည်းကောင်း၊ ဒီးမော့ဆိုမြို့မှ ဒေါတဝီဂိတ်နှင့် နန်းမယ်ခုံဂိတ်များသို့လည်းကောင်း ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။ မြို့အဝင်ဂိတ်များတွင် ဌာနပေါင်းစုံအဖွဲ့ဖြင့် ခရီးသွားပြည်သူများအား အဝင်/အထွက်ခွဲခြား၍ ကိုယ်အပူချိန်တိုင်းတားခြင်း၊ စာရင်းပြုလုပ်ခြင်း၊ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။ Mask တပ်ဆင်ထားခြင်း မရှိသောသူများကို ပညာပေးခြင်း၊ ပြစ်ဒဏ်အဖြစ် Mask (၂)ခုကို (၁၀၀၀)ကျပ်ဖြင့်ရောင်းချ၍ တပ်စေခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။ ဂိတ်များတွင် လိုအပ်သော Mask များထောက်ပံ့ပေးခဲ့ပါသည်။

More Tags