COVID 19 ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ အလှူငွေကျပ် (၂၀) သိန်း လာရောက်လှူဒါန်း

ထားဝယ်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၁၈) ရက်

     (၁၈-၅-၂၀၂၀) ရက်နေ့တွင် COVID-19 ရောဂါ ကာကွယ်ကုသရေးလုပ်ငန်များတွင် အသုံးပြုနိုင်ရန်အတွက် ဒေါ်စိန်ကြည်အားအမှူးထားကာ ရွှေကမ္ဘာမင်းကုမ္ပဏီမိသားစုမှ အလှူငွေကျပ်သိန်းနှစ်ဆယ် (၂၀) သိန်းကို ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်လှူဒါန်းရာ ဆေးရုံအုပ်ကြီး‌ဒေါက်တာမျိုးမင်းမှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပါသည်။ အဆိုပါ လက်ခံရရှိ‌ငွေများကို COVID 19 ရောဂါ ကာကွယ်ကုသရေးလုပ်ငန်များတွင် ထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ပါသည်။

More Tags