ဝက်လက်မြို့၊ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉) ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာ အထက်တန်းကျောင်းခွဲတွင် ပြည်ပမှပြန်လာသူများအား လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့ပွားမှု မဖြစ်ပွားစေရေးအတွက် (၁၄) ရက် စောင့်ကြည့်လူနာအဖြစ်ထားရှိသူ၊ ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသော သစ်ဆိမ့်ကြီးအုပ်စု၊ ကူကြီးကျေးရွာနေသူ အသက် (၂၀) နှစ်အရွယ် အမျိုးသားတစ်ဦးအား ဝက်လက်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝက်လက်မြို့မရဲစခန်းတွင် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အရေးယူပေးပါရန် အမှုဖွင့်တိုင်ကြားခဲ့ပါသည်။ အဆိုပါ အမျိုးသားသည် ထိုင်းနိုင်ငံမှ ၂၀၂၀ ခုနှစ် မတ်လ (၂၇) ရက်နေ့၊ ည (၁၁:၃၀) မိနစ်တွင် စောင့်ကြည့်သည့်နေရာသို့ရောက်ရှိပြီး ၂၀၂၀ ခုနှစ် မတ်လ (၂၈) ရက်၊ ည (၈:၀၀) နာရီတွင် အဆိုပါနေရာမှ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။

More Tags