လောင်းလုံးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ COVID 19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများအတွက် မြို့ပေါ် မူလတန်းကျောင်းများနှင့် စေတနာရှင် အလှူရှင်များမှ အလှူငွေပေးအပ်

လောင်းလုံး၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၁ ရက်

     တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လောင်းလုံးမြို့ပေါ် မူလတန်းကျောင်းများနှင့် စေတနာရှင် အလှူရှင်များက (၁-၄-၂၀၂၀) ရက်နေ့တွင် COVID 19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် အလှူငွေ နှစ်သိန်းတစ်သောင်း (၂၁၀,၀၀၀) ကျပ် ပေးအပ်လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းညွန့်ဝင်း က လက်ခံပြီး၊ ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပါသည်။ ထိုလှူဒါန်းငွေများကို COVID 19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးပြု သွားမည်ဖြစ်သည်။

More Tags