လွိုင်ကော်မြို့၌ ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး၊ဆုံဆို့-မေးခိုင်ပါဝင်သောကာကွယ်ဆေး (စတုတ္ထအကြိမ်)စတင်ထည့်သွင်းခြင်း ပြည်နယ်အဆင့်ဖွင့်ပွဲ နှင့် 2019 Novel Coronavirus ရောဂါပိုးကြောင့်ဖြစ်ပွါးသော အဆုတ်ရောင်ရောဂါအကြောင်း အသိပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ

လွိုင်ကော်မြို့၊ (၂၀၂၀) ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး၊ ဆုံဆို့-မေးခိုင်ပါဝင်သော ကာကွယ်ဆေး(စတုတ္ထအကြိမ်)စတင်ထည့်သွင်းခြင်း ပြည်နယ်အဆင့်ဖွင့်ပွဲနှင့် 2019 Novel Coronavirus ရောဂါပိုးကြောင့်ဖြစ်ပွါးသော အဆုတ်ရောင်ရောဂါအကြောင်း အသိပေးဆွေးနွေးပွဲ အခမ်းအနားကို (၃.၂.၂၀၂၀) ရက်နေ့ နံနက်(၉:၃၀) အချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်မှ အဖွင့်အမှာစကား ပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာခင်ဌေးရွှေမှ ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်တွင်ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး၊ ဆုံဆို့မေးခိုင်ပါဝင်သောကာကွယ်ဆေး(စတုတ္ထအကြိမ်) စတင်ထည့်သွင်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ဒု-ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလင်းမှ 2019 Novel Coronavirus ရောဂါပိုးကြောင့်ဖြစ်ပွါးသော အဆုတ်ရောင်ရောဂါအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးတက်ရောက် လာသူများမှ သိလိုသည်များကိုမေးမြန်းကြပါသည်။ထို့နောက် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူး၊ ဆေးရုံအုပ်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲတို့မှ ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးတိုက်ကျွေးနေမှုနှင့် ဆုံဆို့-မေးခိုင်ပါဝင်သောကာကွယ်ဆေး(စတုတ္ထအကြိမ်)ထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ကြပါသည်။ အခမ်းအနားသို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး၊ ပြည်နယ်/ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ NGO များ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကလေးမိဘများ၊ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း( ၁၀၀ ) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

More Tags