လွိုင်ကော်မြို့တွင် 2019 Novel Coronavirus ရောဂါပိုးကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအား အသိပေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်

လွိုင်ကော်မြို့၊၂၀၂၀ပြည့်နှစ်၊ဖေဖော်ဝါရီလ(၄)ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ 2019 Novel Coronavirus ရောဂါပိုးကြောင့်ဖြစ်ပွါးသော အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များ အား အသိပေးဆွေးနွေးပွဲအခမ်းအနားကို (၄.၂.၂၀၂၀)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်မှ အဖွင့်အမှာစကား ပြောကြားပြီး ဒု-ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသောင်းလင်းမှ 2019 Novel Coronavirus ရောဂါပိုးကြောင့် ဖြစ်ပွါးသော အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ကြပါသည်။ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များစုစုပေါင်း (၂၅) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

 

More Tags