ရမည်းသင်းမြို့နယ်သို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးမှ COVID-19 ရောဂါ ကူးစက်ပျံ့ပွားမှု ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းကြီးကြပ်

ရမည်းသင်းမြို့၊၂၀၂၀ ပြည့်နှစ်၊ မတ်လ(၃၀)ရက်

     မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်သို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်သည် ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်အတွင်းရှိ မြို့မစျေးအတွင်း လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားခြင်း၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်း၊ သာသနာ့ဗိမာန်တော်ကြီး၊ မြို့လှ၊ ပျားစီ၊ သပြေစမ်း၊ လွှစင်၊ နှောတောကျေးရွားများရှိ Community Base Facility Quarantine စခန်းများသို့ လာရောက်၍ ကြည့်ရှုစစ်ဆေးကာ အားပေးစကား လာ‌ရောက်ပြောကြားခြင်းနှင့် လိုအပ်သည်များ ထောက်ပံ့ပေးခြင်းကို (၃၀.၃.၂၀၂၀)ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
 


     အဆိုပါ ကြီးကြပ်ကွပ်ကဲခြင်း ခရီးစဉ်အား ရမည်းသင်းခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးအုန်းသန်း (ခရိုင်အုပ်ချုပ်ရေးမှူး) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ရမည်းသင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်၊ COVID-19ကာကွယ်ထိန်းချုပ် ကုသရေးခရိုင်/ မြို့နယ်အဆင့်လုပ်ငန်း ကော်မတီဝင် များနှင့်အတူ လိုက်ပါဆောင်ရွက်ခဲ့ပါသည်။ ရမည်းသင်းမြို့နယ်အတွင်း ယနေ့အထိ Community Based Facility Quarantine Centers(80) ဖွင့်လှစ်ခဲ့ပြီး ၎င်းနေရာများတွင် စောင့်ကြည့် ပြည်သူ (၇၉၈)ဦးအား နေ့စဉ်အသိပညာပေးခြင်း၊ fever surveillance များဆောင်ရွက်ခြင်း၊ ကန့်သတ်နယ်မြေ သတ်မှတ်ခြင်းများ အခြေခံကျန်းမာရေးဝန်ထမ်းများမှ နေ့စဉ်ဆောင်ရွက် လျက်ရှိပါသည်။

 

More Tags