ရမည်းသင်းမြို့နယ်ရှိ Community Based Facility Quarantine Center များသို့ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးနှင့်အဖွဲ့ ကွင်းဆင်းကြီးကြပ်

ရမည်းသင်းမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁) ရက်

     (၁.၄.၂၀၂၀) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်နှင့်အဖွဲ့သည် ရမည်းသင်းခရိုင်၊ ရမည်းသင်း မြို့နယ်အတွင်း Community Based Facility Quarantine စခန်းများဖွင့်ထားသော ကမ္မ၊ အင်ကြင်းသာ၊ ကျောက်ရုပ်ကြီး၊ အိုင်တို၊ သာစည်၊သိုက်မြှောင်၊ ခင်သာ၊ မြင်းခြံ၊ သပြေပင်၊ အနောက်ဂွေးကုန်း၊ ပေတောကုန်းရွာများသို့ လာရောက်၍ကြည့်ရှုစစ်ဆေးကာ အားပေးစကားလာ‌ရောက်ပြောကြားခြင်းနှင့် လိုအပ်သည်များ ထောက်ပံ့ပေးခြင်းတို့ပြုလုပ်ပေးခဲ့သည်။

 

     အဆိုပါကြီးကြပ်ကွပ်ကဲခြင်း ခရီးစဉ်တွင်ရမည်းသင်းခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးအုန်းသန်း(ခရိုင်အုပ်ချုပ်ရေးမှူး) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ရမည်းသင်းမြို့နယ်အုပ်ချုပ်ရေးမှူးဦး ဇော်မင်းဟန်၊ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်/မြို့နယ်အဆင့် လုပ်ငန်းကော်မတီဝင်များနှင့်အတူ လိုက်ပါဆောင်ရွက်ခဲ့ပါသည်။ ရမည်းသင်းမြို့နယ်တွင် ယနေ့အထိ Community Based Facility Quarantine Centers (၁၀၂) ခု ဖွင့်လှစ်ခဲ့ပြီး ၎င်းနေရာများတွင် စောင့်ကြည့်ပြည်သူ (၁၀၂၁) ဦး ထားရှိကာ နေ့စဉ်အသိပညာပေးခြင်း၊ fever surveillance များဆောင်ရွက်ခြင်း၊ အသွားအလာကန့်သတ်ခြင်းများကို အခြေခံကျန်းမာရေးဝန်ထမ်းများမှ နေ့စဉ်ဆောင်ရွက်လျက် ရှိပါသည်။

More Tags