ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြို့မဈေးတွင် Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁) ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးပညာရှင်တို့သည် (၁-၄-၂၀၂၀) ရက်နေ့တွင် မှော်ဘီမြို့နယ်၊ မြို့မဈေး၌ Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ တာဝန်ရှိသူများမှ Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါပိုး ကာကွယ်ရန် စနစ်တကျလက်ဆေးခြင်းနှင့် နှာချေချောင်းဆိုးပါက တစ်ရှူး၊ လက်ကိုင်ပုဝါ ဖုံးအုပ်ပြီး ချောင်းဆိုးနှာချေကြရန်၊ အသုံးပြုပြီးတစ်ရှူးများနှင့် နှာခေါင်းစည်းများကို စနစ်တကျ စွန့်ပစ်ကြရန် အသိပညာပေး ပြောကြားခဲ့ပါသည်။

More Tags