ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်တွင် COVID-19 လက်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

ရန်ကုန်မြို့၊၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၁)ရက်

     ရန်ကုန်တိုင်း‌ဒေသကြီး၊ ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို မနက်(၁၁:၀၀)နာရီတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ ထိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှူး ဦးချမ်းငြိမ်းအောင်နှင့် ခေတ္တမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာဇင်နွယ်ဦး တို့မှဦးဆောင်၍ Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များမှ Community Quarantine ထားရှိရန် နေရာများသို့ ပို့ဆောင်ရန်အတွက် လိုအပ်ချက်ရှိသည်များကို ကော်မတီ၏ အဖွဲ့ဝင်များမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။

 

 

More Tags