ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ Table Top Exercise ကျင်းပ

ကျိုင်းတုံမြို့၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၅) ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် Access to Health Fund ၏အထောက်အပံ့ဖြင့် (၅.၃.၂၀၂၀) ရက်နေ့၌ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်းဦးဆောင်သောအဖွဲ့နှင့် ကျိုင်းတုံ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်းဦးဆောင်သော အဖွဲ့တို့သည် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ Table Top Exercise ပြုလုပ်ဆွေးနွေးခဲ့ပါသည်။

 

     အဆိုပါအစည်းအဝေးတွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ဒုတိယပြည်နယ်ကုသရေးဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု)နှင့် အဖွဲ့ခေါင်းဆောင်ဆရာဝန်များမှ ပြည်နယ်၏ လက်ရှိလုပ်ဆောင်နေသော ဆောင်ရွက်ချက်များ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ Surveillance Rapid Response Team(SRRT)၏ အချိန်နှင့် တစ်ပြေးညီဆောင်ရွက်ချက်များ၊ ကူးစက်ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်ရင်းသိရှိလာသည့် လိုအပ်ချက်များ၊ အားသာချက်များနှင့်အားနည်းချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ဆေးရုံအုပ်ကြီးဒေါက်တာလှဌေးမင်း၊သမားတော်၊ ကလေးအထူးကုဆရာဝန်ကြီး၊ မေ့ဆေးအထူးကုဆရာဝန်ကြီးနှင့် ရောဂါဗေဒဆိုင်ရာအထူးပြု ဆရာဝန်များမှလည်း မိမိတို့၏ ဆေးရုံအတွင်းဆောင်ရွက်ချက်များ၊ isolation ward များနှင့်ပတ်သက်၍ ပြင်ဆင်ထားရှိမှုများ၊ hospital quarantine အတွက်လုပ်ဆောင်ထားမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ လုပ်ငန်းဆောင်ရွက်စဉ်တွေ့ရှိခဲ့သည့် အတွေ့အကြုံများပေါ်မူတည်၍ ရှေ့ဆက်လုပ်ဆောင်ရမည့် အခြေအနေများပါ ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် မိမိတို့၏အမြင်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များပါချမှတ်နိုင်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူ စုစုပေါင်း (၁၇) ဦး တက်ရောက်ခဲ့ပါသည်။

More Tags